ရန်ကုန် - မန္တလေး လမ်းမဘေး ရေနှုတ်မြောင်းကို မပြင်ဆင်ဘဲ လယ်ထဲအထွက် လမ်းသွယ်ပေါ်သို့ ရေဖောက်ချထားခြင်း (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန် - မန္တလေး လမ်းမဘေး ရေနှုတ်မြောင်းကို မပြင်ဆင်ဘဲ လယ်ထဲအထွက် လမ်းသွယ်ပေါ်သို့ ရေဖောက်ချထားခြင်း (အိတ်ဖွင့်ပေးစာ)





ကျွန်တော် ဦးအေးလွင်သည် လယ်ဝေးမြို့၊ အမှတ်(၇) ရပ်ကွက်တွင် နေထိုင်ပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်ပါသည်။ ကျွန်တော်၏ လယ်သည် ရန်ကုန် - မန္တလေး လမ်းဟောင်းဘေးတွင် ရှိပါသည်။ လယ်ဝေးမြို့ အထွက် လမ်းဟောင်းဘေးတွင် လယ်ယာမြေများပေါ်တွင် မြေကွက်များဖော်ရောင်းခြင်း၊ အဆောက်အဦးများ ဆောက်လုပ်ထားခြင်း အစရှိသော ဥပဒေနှင့်မညီသည့် လုပ်ရပ်များ လုပ်ကိုင်ထားသည်လည်း ရှိပါသည်။ ထိုသို့ ဖြစ်ပေါ်လာခြင်းကြောင့် လယ်ထဲသို့ ထွက်ရန် လမ်းမရှိတော့သဖြင့် နေပြည်တော်ကောင်စီအထိ တင်ပြပြီး လယ်ထဲထွက်ရန် လမ်းသွယ်လေး ရရှိခဲ့ပါသည်။

ယခုအခါ ရန်ကုန် - မန္တလေး လမ်းဟောင်းဘေး ရေနှုတ်မြောင်းတွင် ပိတ်စို့မှုဖြစ်ပေါ်နေသည်ကို မြို့နယ်စည်ပင်က ဖယ်ရှား ရှင်းလင်းခြင်း မရှိဘဲ လမ်းမကြီးဘေး ရေနှုတ်မြောင်းကို လမ်းသွယ်ပေါ်သို့ ဖောက်ထုတ်ထားပါသည်။ ထိုသို့ လုပ်ဆောင်ထားသည်မှာ စည်ပင်က လုပ်ဆောင်ထားခြင်း ဖြစ်သဖြင့် သွားရောက်ပြောဆိုတင်ပြပါသည်။ လမ်းသွယ်မှာလည်း လယ်ထွန်စက် တစ်ကြောင်းစာ လမ်းသွယ်မျှသာ ဖြစ်ပါသည်။ ထိုလမ်းသွယ်ကို ရေနှုတ်မြောင်းအဖြစ် လုပ်ဆောင်ထားခြင်းမှာ မလုပ်သင့်ကြောင်း၊ လမ်းဘေးရေနှုတ်မြောင်းမှ ပိတ်စို့နေသည်ကို ရှင်းလင်းဆောင်ရွက်ရမည်ဖြစ်သည်ကို ပြောပြရာတွင် စာတင်ပါဟု ပြန်ပြောပါသည်။

လူကိုယ်တိုင် သွားရောက်တွေ့ဆုံ ဆွေးနွေးတင်ပြသည်ကို စာတင်ပါဟု ပြောဆိုနေခြင်းမှာ ယုတ္တိမရှိသလို ဖြစ်နေပါသည်။ 

မူလရေနှုတ်မြောင်းမှ ပိတ်စို့နေသည်ကို ရှင်းလင်းဖယ်ရှားရုံမျှဖြင့် အဆင်ပြေပါသည်။ ထိုသို့ လုပ်ဆောင်ခြင်း မရှိသည့်အပေါ် တာဝန်ရှိသူများအနေဖြင့် မြို့နယ်စည်ပင်အား လိုအပ်သလို လမ်းညွှန်မှုပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။


တောင်သူ ဦးအေးလွင်

https://t.me/MyanmarNationalPost

1 comment:

  1. အမှုမှန်ပေါ်နိုင်ပါစေ

    ReplyDelete

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)