ရွှေတောင်မြို့နယ်၊ အထက (ခွဲ)သရက်တော ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့နယ်၊ အထက (ခွဲ)သရက်တော ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်





ရွှေတောင်  ၊   ဩဂုတ်-၁၈

မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊‌ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကို ဩဂုတ် -၁၇ရက် နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ အထက (ခွဲ) သရက်တောကျောင်း ခန်းမ၌ ကျင်းပခဲ့သည်။

        ရှေးဦးစွာ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ  ဦးဟံဝင်းအောင် နှင့် မြို့နယ်ပညာ‌ရေးမှူး  ဦးကျော်ဦးတို့က အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က အသိပညာဗဟုသုတများ တိုးပွားစေရန်၊ လူငယ်များ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ခံ အထက်တန်းပြ ဆရာမကြီး ဒေါ်ချိုချိုထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

      ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင် ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အထက(ခွဲ) သရက်တောကျောင်းမှ  မောင်ဟိန်းမင်းသူက လူငယ်နှင့် အခွင့်အလမ်း၊ မသဲသဲစု က လူငယ်နှင့် စာဖတ်ခြင်း၊ မအေးချမ်းဖြူက လူငယ်နှင့် မူးယစ်ဆေး၊ မလေပြေချိုချိုက လူငယ်နှင့် ပညာရေး စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသူကျောင်းသား၊ကျောင်းသူများက ကဏ္ဍအလိုက်သိရှိလိုသည်များအားမေးမြန်းကြရာ ဦးဆောင်ဆွေးနွေးကြသူများကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

      ထို့နောက် အမှတ်တရလက်ဆောင်များ ပေးအပ်ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  ခင်းကျင်းပြသထားသော နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲများကို တက်ရောက် လာကြသောကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)