ရွှေတောင် ၊ သြဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမက( မင်းတဲကျောင်း) ရှိ ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ လေ့လာရေးလာရောက်ဆောင်ရွက်ခဲ့ကြ သည်။
ရှေးဦးစွာ လေ့လာရေး လာရောက်သော မျိုးဆက်သစ်ကျောင်းသား၊ကျောင်းသူများအားပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့် က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး အ ကြောင်းအရာများနှင့်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာဟောပြောခဲ့ပြီး စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများကို ပြုလုပ်ကျင်းပခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများအား စာကြည့်တိုက်လှုပ်ရှားမှုအနေဖြင့် ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က " သစ်ကောက်ပင်နှင့် သစ်ဖြောင့်ပင်" စက္ကူပြဇာတ်၊ပုံပြင်နှင့် ဒေါ်ရွှေဝတ်ရည်တိုးက "ကဒုကဒိတ်ကဒေါ့ကဒတ်" ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်များ အသီးသီးပြောပြခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment