ကျိုက်ထို ၊ ဩဂုတ် ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် Mpox (မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးအဆင့် (၁) ဦးထွန်းညီညီက Mpox (မျောက်ကျောက်)ရောဂါအား ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၄)ရက်နေ့တွင် နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့၍ မိမိနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှုမရှိစေရန် ကာကွယ်နိုင်မည့်နည်းလမ်း (၉)မျိုး၊ ရောဂါကူးစက်နိုင်သည့် နည်းလမ်း (၈)မျိုး၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများနှင့် ကာကွယ်နိုင်မည့် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခွန်မောင်အိုးက ရောဂါလက္ခဏာတွေ့ရှိသူများအား ထိမ်ချန်မထားဘဲ ကျန်းမာရေးဦးစီးဌာနသို့ ပို့ဆောင်ကုသသင့်ကြောင်း၊ အများမြင်သာနိုင်မည့်နေရာများဖြစ်သည့် ရုံးအဆောက်အအုံများ၊ ကားဂိတ်၊ ဘူတာရုံများ၌ အသိပညာပေးဗီနိုင်းများကပ်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)
https://t.me/MyanmarNationalPost
No comments:
Post a Comment