နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်တွင် နေပြည်တော်ကုသရေးဦးစီးဌာနမှ အထူးကုကွင်းဆင်းဆေးကုသပေးနေမှု အခြေအနေအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်တွင် နေပြည်တော်ကုသရေးဦးစီးဌာနမှ အထူးကုကွင်းဆင်းဆေးကုသပေးနေမှု အခြေအနေအား ကြည့်ရှုအားပေး





နေပြည်တော်  ၊  သြဂုတ်  ၂၄


နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် နေပြည်တော်ကုသရေးဦးစီးဌာနမှဦးဆောင်၍ ပျဉ်းမနားပြည်သူ့ဆေးရုံကြီး(ခုတင်-၂၀၀)ဆေးရုံ၊ တပ်ကုန်းမြို့ပြည်သူ့ဆေးရုံ(ခုတင်-၁၀၀)ဆေးရုံနှင့် လယ်ဝေးမြို့နယ်ပြည်သူ့ဆေးရုံ(ခုတင်-၁၀၀)ရှိ အထူးကုဆရာဝန်များပါဝင်သောအဖွဲ့သည် ပျဉ်မနားမြို့နယ်၊ ငကောင်းကံကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ၊ ဇီးကုန်းအနောက်ပိုင်းကျောင်းတိုက်တွင် ဇီးကုန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရွာများဖြစ်သော ငကောင်းကံကျေးရွာ၊ မယ်ဇလီကုန်းကျေးရွာ၊ ပြူတွင်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကြံဖိုကျေးရွာ၊ ဝက်စုကျေးရွာ၊ ဇောင်ချမ်းကုန်းကျေးရွာများရှိ ပြည်သူများက လာရောက်ပြသဆေးကုသနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးသည်။


အဆိုပါကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ခွဲစိတ်အထူးကု၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ သားဖွားမီးယပ်အထူးကု၊ သွားအထူးကု၊ အရိုးအထူးကု ဆရာဝန်ကြီးများက ဒေသခံပြည်သူများအား ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ဆေးလာရောက်ကုသသော ပြည်သူများအား အာဟာရများထောက်ပံ့ပေးပြီး ဆေးကုသပေးသော အထူးကုဆရာဝန်ကြီးများအား ဂုဏ်ပြုသစ်သီးခြင်းများ ပေးအပ်ခဲ့သည်။


ထိုသို့ကုသမှုပေးရာတွင် အထွေထွေလူနာ ၅၅ ဦး၊ ခွဲစိတ်လူနာ ၁၅ ဦး၊ မျက်စိလူနာ ၅၇ ဦး၊ ကလေးလူနာ ၁၅ ဦး၊ သားဖွားမီးယပ်လူနာ ၁၆ ဦး၊ အရိုးလူနာ ၅၀ ဦး၊ သွားနှင်ခံတွင်း လူနာ ၁၄ ဦး၊ စုစုပေါင်း ၂၂၂ ဦးအား ဆေးဝါးကုသမှုပေးခဲ့ကြောင်း သိရှိရသည်။


ထွန်းထွန်းဝင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)