ဟိုပုံး ၊ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလ (၁၀)ရက်နေ့မှစ၍ မိုးများသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများထိုးဆင်း၊ တိုက်စားမှုကြောင့် မဲနယ်တောင်ဒေသ ဘန့်စောက်ကျေးရွာရှိ ရွာတွင်းတံတားပျက်စီးနေမှုနှင့် သောက်သုံးရေပြန်လည်အသုံးပြုနိုင်စေရန်အတွက် ယမန်နေ့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသဦးစီးမှူး ဒေါ်လွင်လွင်ဦး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့်တို့က မိုးများသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ ထိုးဆင်း၊ တိုက်စားမှုကြောင့် ကျေးရွာအတွင်းပျက်စီးသွားသည့် တံတားနှင့် ကျေးရွာတွင် ရေသွယ်ယူထားသည့် ပိုက်လိုင်းများ ပျက်စီးမှု ရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် စိမ့်စမ်းရေများကို ယာယီရေပိုက်ပျော့များဖြင့် သုံးစွဲနေမှုအခြေအနေတို့ကိုလည်းကောင်း၊ ပျက်စီးသွားသည့် ရေပိုက်လိုင်းများ ပြန်လည်ပြုပြင်နိုင်ရန်အတွက် ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေပိုက် အလုံး (၁၅၀)တို့ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ
https://t.me/MyanmarNationalPost
No comments:
Post a Comment