ရေတာရှည် ၊ စက်တင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စက်တင်ဘာလ(၁၁)ရက်မှ (၁၉)ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့တွင် ရေကြီးနှစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ရေဘေးသင့်ကျေးရွာများမှ ပြည်သူများအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းညီညီထွန်းနှင့်ဝန်ထမ်းများက အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ရေတာရှည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် လူမှုဘဝပြည့်စုံစေရန်နှင့် ပြည်သူများအား အခက်အခဲမရှိစေရန်အတွက် ရေဘေးကြောင့်ဆုံးရှုံးသွားသည့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးခြင်းဖြစ်ပြီး စက်ရုံကျောင်းကျေးရွာရှိ အိမ်ထောင်စုစာရင်း (၂၅၀) ခု၊ နိုင်ငံသားကတ် (၃၆၀) ကတ်တို့အား ဆောင်ရွက်ပေးခဲ့ကြပြီး ကျန်ရှိသည့်ကျေးရွာများတွင်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment