ကျောက်ဆည် ၊ စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ဇော်ဂျီမြစ်ရေလျှံမှုကြောင့် ယမန်နေ့ညနေ ၃နာရီအချိန်တွင် သီးနှံမျိုးစုံ(၁၈၆၉၃)ဧက ရေဝင်နစ်မြုပ်ကြောင်း သိရသည်။
ထိုသို့ ရေဝင်နစ်မြုပ်ရာတွင် ကျောက်ဆည်မြို့နယ်၌ ကျေးရွာအုပ်စုပေါင်း(၁၅)အုပ်စု၊ ကွင်းပေါင်း(၄၄)ကွင်း၊ ဦးပိုင်ပေါင်း(၅၅၁၈)၊ တောင်သူပေါင်း (၄၆၉၈)ဦးမှ စပါး(၁၀၃၈၁)ဧက၊ နှမ်း(၈၅)ဧက၊ နေကြာ(၉၈)ဧက၊ ပဲမျိုးစုံ(၁၀၁၂)ဧက၊ ဝါ(၈၉)ဧက၊ ငှက်ပျော(၄၅)ဧက၊ အခြားသီးနှံ(၁၈၄၈)ဧက၊ မြစ်သားမြို့နယ်၌ ကျေးရွာ အုပ်စုပေါင်း(၃၀)အုပ်စု၊ ကွင်းပေါင်း(၇၁)ကွင်း၊ ဦးပိုင်ပေါင်း(၂၂၅၉)၊ တောင်သူပေါင်း(၁၇၁၉)ဦးမှ စပါး(၅၀၉၀)ဧက၊ ငှက်ပျော(၂၅)ဧက၊ အခြားသီးနှံ(၂၀)ဧက၊ စုစုပေါင်း(၁၈၆၉၃)ဧက ရေဝင်နစ်မြုပ်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
https://t.me/MyanmarNationalPost

No comments:
Post a Comment