ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်းရှေးဟောင်း ပုဂံခေတ်ရေကန်များအတွင်းသို့ ရေများ စတင်ဝင်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်းရှေးဟောင်း ပုဂံခေတ်ရေကန်များအတွင်းသို့ ရေများ စတင်ဝင်ရောက်



ညောင်ဦး ၊  စက်တင်ဘာ  ၁၂


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းပုဂံခေတ်ရေကန်များ ပြန်လည်ဖော်ထုတ်ဆယ်ယူလျက်ရှိရာ ယမန်နေ့နံနက် ၆ နာရီအချိန်က ရွာသွန်းသည့်မိုးဖြင့် ရေကန်များအတွင်း ရေများစတင်ဝင်ရောက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ တာဝန်ရှိသူများထံက သိရသည်။


ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းပုဂံခေတ်ရေကန်များ ပြန်လည်ဖော်ထုတ်ပြုပြင်ကန်ဆယ်ခဲ့ရာ အလှူရှင်များလှူဒါန်းမှုဖြင့် ပြန်လည်ဆယ်ယူခြင်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ တာဝန်ယူပြန်လည်ဖော်ထုတ်၍ ရှေးဟောင်းရေကန်များဆယ်ယူခဲ့ရာ ရွှေထီးကန်၊ ဆွေတော်မျိုးတော်ကန်၊ ပျားကြီးစွဲကန်၊သဲစစ်ကန်ခေါ် မင်းနန်သူကန်၊ ဆုတောင်းပြည့်ရေစုကန်၊ ဘူးလည်သီးကန်၊ ဆုတောင်းပြည့်ကန်ခေါ် အေးသာယာကန်၊ ဆုတောင်းပြည့် ကန်ခေါ်အုတ်ကန်၊ နန္ဒာကန်၊ ခရေလောကန်၊ အာမနာကန်၊ ရေတော်မုနိကန်၊ ရွာဟောင်းကြီးကန်၊ ဇယဝေရီကန်၊  မင်္ဂလာကန်-၃၊ ညောင်လက်ဖက်ကန်၊ ကန်သစ်ကန်၊ မရိုးကန်၊ အလံပြကန်၊ ဘုန်းစဉ်ကန်၊ အောက်ချောက်ကန်၊ တက်သိမ်းကန်၊ မြောက်တစ်ဝက်ကန်၊ ဖိုးသူတော်ကန်၊ ဖျောက်ဆိပ်ပင်ကန်-၁၊ ဖျောက်ဆိပ်ပင် ကန်-၂၊ ဖျောက်ဆိပ်ပင်ကန်-၃၊ ကိုမောက်ကန်၊ ကန်သစ်ကြီးကန်၊ သူဌေးကန်၊ ကျောက်အိုးကန်၊ တစ်ပင်ကန်၊ သမ္ဘူလကန်၊ ကုသိနာရုံကန်နှင့် မင်္ဂလာကန်-၂ တို့တွင် မိုးရေစတင် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။


ပုဂံခေတ် ရှေးဟောင်းရေကန်များအတွင်း ရေဝင်ရောက်မှုအခြေအနေများအား၊ ရေစီးလမ်းကြောင်းများနှင့် မိုးရွာသွန်းမှုအခြေအနေများအား သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)