တောင်ကြီးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကျောင်း (၁၀၄)ကျောင်းမှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများ လောင်းလှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကျောင်း (၁၀၄)ကျောင်းမှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများ လောင်းလှူ




တောင်ကြီး၊ စက်တင်ဘာ ၁၀

ဝါတွင်းကာလအတွင်း ဝါဆိုဝါကပ်တော်မူကြသော တောင်ကြီးမြို့ပေါ်ရှိ စာသင်တိုက်ကျောင်း (၁၀၄)ကျောင်းမှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများ လောင်းလှူပွဲကို ယမန်နေ့နံနက် (၅)နာရီခွဲက တောင်ကြီးမြို့ သာသနာလင်္ကာရ ကမ္ဗောဇသာသနာ့ဗိမာန်ကျောင်းရှေ့ ၌ ကျင်းပသည်။

ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့် ဆွမ်းဟင်းလောင်းလှူပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး  ဦးမင်းမင်းလွင်နှင့်တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက ဆွမ်းနှင့် ဆွမ်းဟင်းများ၊ အချိုပွဲများ၊ သစ်သီးများ၊ ခေါက်ဆွဲခြောက်များ လောင်းလှူပေးကြသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် တာဝန်ရှိသူများက ဆရာတော်၊  သံဃာတော်များအား ဆွမ်းနှင့် ဆွမ်းဟင်းများ၊ ခေါက်ဆွဲခြောက်များ၊ သစ်သီးများ၊ အချိုပွဲများလောင်းလှူနေမှုကို လှည့်လည်ကြည်ညိုခဲ့ကြကြောင်းနှင့် ဝါတွင်းကာလအတွင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရှိ ဝန်ကြီးဌာနများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများက တောင်ကြီးမြို့ပေါ်ရှိ စာသင်တိုက်ကျောင်း(၁၀၄)ကျောင်းမှ ဝါဆိုသံဃာတော်များအား အပတ်စဉ်လောင်းလှူသွားမည်ဖြစ်ကြောင်း သိရှိရသည်။


စိုင်းသန်းကျော်(တောင်ကြီး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)