ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးအဆင့်)ပြိုင်ပွဲများ ဒုတိယနေ့ ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးအဆင့်)ပြိုင်ပွဲများ ဒုတိယနေ့ ဆက်လက်ကျင်းပ




တာမွေ      ၊ စက်တင်ဘာ      ၁၀


၂၀၂၄-ခုနှစ် ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးအဆင့်) ပြိုင်ပွဲများကို ၂၀၂၄-ခုနှစ် စက်တင်ဘာလ(၈)ရက်နေ့မှ (၁၀)ရက်နေ့ အထိ သုံးရက်တိုင်တိုင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာခန်းမ၌ စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်မှ စတင်၍ ဒုတိယနေ့အဖြစ် ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးအဆင့်) ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာဘာသာရပ်များအလိုက် ဝါသနာရှင်ပြိုင်ပွဲဝင်ပေါင်းများစွာ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။


ထိုကဲ့သို့ ၂၀၂၄-ခုနှစ် ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းဒေသကြီးအဆင့်) ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာတွင် ဝါသနာရှင်(ပထမတန်း အဆင့်)နှင့် (ဒုတိယတန်းအဆင့်)ဟူ၍ မဟာဂီတ၊ ခေတ်ဟောင်း/ကာလပေါ်၊ အမျိုးဂုဏ်/ဇာတိဂုဏ်၊ မင်းသား/ မင်းသမီးအက၊ ရုပ်သေးကြိုးဆွဲအက၊ ကွက်စိပ်အက၊ တေးသီချင်းများရေးသားခြင်း၊ စောင်း/ စန္ဒယား/ ပတ္တလား/ တယော/ မယ်ဒလင်/ ဂီတာ/ ဒုံမင်း တီးခတ်ခြင်း၊ နှဲ/ ပလွေ တီးမှုတ်ခြင်း၊ ဆိုင်းတစ်ဦးချင်း/ ဆိုင်းအဖွဲ့လိုက် တီးခတ် ခြင်း၊ အိုးစည်အဖွဲ့လိုက် တီးခတ်ခြင်း၊ ဒိုးပတ် အဖွဲ့လိုက် တီးခတ်ခြင်း စသည်ဖြင့် သက်ဆိုင်ရာဘာသာရပ်များအလိုက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲများ ကျင်းပနေမှုအခြေအနေအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ အားပေးစကား ပြောကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုး သားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေး မှုအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင် နိုင်စေရေး၊ မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှု အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေး  စသည့်ဦးတည်ချက်များဖြင့် အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)