ရွှေတောင်မြို့နယ်၌(၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့နယ်၌(၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြုလုပ်





ရွှေတောင်   ၊  စက်တင်ဘာ   -   ၂၉  

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် (၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာနှင့် စက်မှု စိုက်ပျိုး မွေးမြူရေး အထက်တန်းကျာင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

        အခမ်းအနားတွင် ရွှေတောင်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာ အေးချမ်းဝင်းက   "အတားအဆီးများကို ကျော်လွန်မှ ခွေးရူးရောဂါ ကင်းစင်ပ  ခြေလှမ်းတိုင်းမှာပါဝင်ကြ" ဆောင်ပုဒ်နှင့်အညီ ခွေးရူးရောဂါ ကာကွယ်ရေးသိကောင်းစရာများ၊ ရောဂါကူးစက်နိုင်သည့်နည်းလမ်းများ၊ ခွေးရူးရောဂါခံစားနေရသည့်ခွေးများကိုခွဲခြားနိုင်သည့်အချက်များ၊ လူတွင်ကူးစက်နိုင်သည့် ခွေးရူးပြန်ရောဂါလက္ခဏာများ၊ ခွေးရူးရောဂါမဖြစ်အောင် ကာကွယ်ရမည့်နည်းလမ်းများနှင့်ကာကွယ်ဆေးထိုးရမည့်အခြေအနေများ၊ခွေးရူးရောဂါနှင့်ပတ်သက်၍ သတိပြုလိုက်နာရမည့်အချက်များကို  ဟောပြောခဲ့ပြီး ‌‌‌‌‌ခွေးရူးရောဂါနှင့်ပတ်သက်သည့်အသိပညာ‌ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

     အဆိုပါ အခမ်းအနားသို့ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှဒေါက်တာ အေးချမ်းဝင်းနှင့် ဝန်ထမ်းများ၊ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူ(၁၁၁)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)