မှော်ဘီ ၊ စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်၌ ၂၀၂၄ခုနှစ် ၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်၊စာရင်းကောက် သင်တန်းဆင်းပွဲကိုယမန်နေ့မွန်းလွဲ ၂နာရီကအမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ၊ ပညာရတနာ ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာမှော်ဘီမြို့နယ်သန်းခေါင်စာရင်းကော်မတီ(ခေတ္တ)ဥက္ကဋ္ဌ၊မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ခေတ္တ)ဥက္ကဋ္ဌဦးမျိုးဝင်းကသင်တန်းဆင်းအဖွင့်အ မှာစကားပြောကြားပြီးတာဝန်ရှိသူများကစာရင်းစစ်၊စာရင်းကောက်ခန့်အပ်လွှာများကိုအသီးသီးပေး အပ် ကာတက်ရောက်လာသောတာဝန်ရှိသူများနှင့်စု ပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။
အဆိုပါစာရင်းစစ်၊စာရင်းကောက်နည်းပြသင်တန်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ၌စက်တင်ဘာ(၁၇)ရက်နေ့မှစက်တင်ဘာ(၂၈)ရက်နေ့အထိစာတွေ့၊လက်တွေ့သင်ကြားပို့ချခဲ့ပြီးသင် တန်းသား(၂၀၃)ဦးတက်ရောက်သင်ကြားခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ခရိုင်သန်းခေါင်စာ ရင်းကော်မတီဝင်များ၊မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ခေတ္တ)ဥက္ကဋ္ဌဦးမျိုးဝင်းနှင့် အဖွဲ့ဝင်များ ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ဆရာ၊ဆရာမများ နှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပါ သည်.။
https://t.me/MyanmarNationalPost


No comments:
Post a Comment