သီတင်းကျွတ်လပြည့်(အဘိဓမ္မာနေ့)တွင် ပခုက္ကူမြို့ရှိ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

သီတင်းကျွတ်လပြည့်(အဘိဓမ္မာနေ့)တွင် ပခုက္ကူမြို့ရှိ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား




ပခုက္ကူ၊ အောက်တိုဘာ ၁၇

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ၌ ယနေ့နံနက်ပိုင်းက  ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများ၊ ဥပုသ်သီလဆောက်တည်သူများဖြင့် စည်ကားလျက်ရှိသည်။

ပခုက္ကူမြို့သည် ဗုဒ္ဓဘာသာသာသနာထွန်းကားရာ မြို့တစ်မြို့ဖြစ်သည်နှင့်အညီ သီဟိုဠ်ရှင်မြတ်စွာဘုရား၊ ရွှေကူမြတ်စွာဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးစသည့် ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများတည်ရှိရာ မြို့လည်းဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားသည့် နေ့ထူးနေ့မြတ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ရောက်တိုင်း ဘုရား၊ စေတီတော်မြတ်ကြီးများရှိ ဗုဒ္ဓရုပ်ပွားတော်များ ရေသပ္ပာယ်ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများ ထွန်းညှိကပ်လှူပူဇော်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းတို့ဖြင့် အသီးသီးလာရောက် ကုသိုလ်ယူကြသည်ကို တွေ့ရသည်။

ထို့အပြင် ပခုက္ကူမြို့၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်တိုက်များရှိ ဆရာတော်သံဃာတော်ကြီးများထံ ဥပုသ်သီလတရားနာယူသူများ၊ ဘုရား၊ စေတီတော်ရင်ပြင်များတစ်လျှောက် အဘိဓမ္မာဒေသနာတော် ရွတ်ဖတ်ပူဇော်သူများ၊ ဘုရားပန်းများလဲလှယ်သူများနှင့် သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းသူများ၊ ငါးအစာ​ကျွေးသူများ၊ ဘုရားဝန်းအတွင်းရောင်းချသည့် စားစရာ မုန့်ပဲသရေစာများ ဝယ်ယူစားသောက် အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


ဘာမီသာ(ပခုက္ကူ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)