မုဒုံ၊ အောက်တိုဘာ ၁၇
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ သမိုင်းဝင် ဆံတော်ရှင်ကန်ကြီးစေတီတော်၏ (၁၅၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် မြို့လုံးကျွတ်မဟာသံဃိက ဆွမ်းကြီးလောင်းလှူပွဲကို သီတင်းကျွတ်လပြည့်နေ့ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်က မြို့တွင်းလမ်းတစ်လျှောက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
မုဒုံမြို့လုံးကျွတ် ဆွမ်းကြီးလောင်းလှူပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ ကန်ကြီးစေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နယ်နေ ဒေသခံပြည်သူများသည် မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ဘုန်းကြီးကျောင်း (၇၅)ကျောင်းမှ သံဃာ (၁၉၄၀) ပါး၊ သီလရှင်ကျောင်း (၁၇) ကျောင်းမှ သီလရှင် (၂၃၄)ပါး စုစုပေါင်း သံဃာ၊ သီလရှင် (၂၁၇၄) ပါးအား ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် ငွေပဒေသာပင်များ အလှူငွေတန်ဖိုးငွေကျပ် စုစုပေါင်း (၇၆၄၃၀၀၀၀) ကို စုပေါင်းလောင်းလှူကြသည်။
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် အားလျော်စွာ ဆရာတော် သံဃာတော်များနှင့် သီလရှင်များ ဆွမ်းကွမ်းပြည့်စုံစွာ သီတင်းသုံးနိုင်ရေးအတွက် စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment