မူဆယ်၊ အောက်တိုဘာ ၆
ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ မူဆယ်မြို၊ မင်္ဂလာမူဆယ်အိမ်ရာအတွင်း အောက်တိုဘာလ ၅ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားပြီး ထွက်ပြေးလွတ်မြောက်သွားသည့် လက်နက်ကိုင်အဖွဲ့၏ လက်နက်များအား ဟိုဆောင်နယ်မြေ၊ တော်ရွက်ရပ်ကွက်ရှိ လမ်းဘေးတွင် ဝှက်ထားကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ သွားရောက်ရှင်းလင်းခဲ့ရာ လမ်း၏ မီတာ ၉၀ ခန့်အကွာ ခြုံပုတ်အတွင်း၌ ဆာလာအိတ် ၂ အိတ်ဖြင့် ဝှက်ထားသည့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိလက်နက်များမှာ ( ပွိင့်(၄၅) ပစ္စတို ၁ လက်၊ အမ်(၄) ကာဘိုင် ၁ လက်၊ ပွိင့်(၃၈၀) ၁ လက်၊ ပွိင့်(၂၂) ၁ လက်၊ အမ်(၂၁) ၁ လက်၊ ၁၂ ဘိုးလ် ၁ လက်) ၊ ကျည်အိမ် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံးတို့အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment