အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ဂါဇာရှိ ဗလီနှင့် စာသင်ကျောင်းမှ လူအများအပြား သေဆုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ဂါဇာရှိ ဗလီနှင့် စာသင်ကျောင်းမှ လူအများအပြား သေဆုံး


ဂါဇာကမ်းမြောင်ဒေသရှိ ဗလီတစ်လုံးနှင့် စာသင်ကျောင်းတစ်ကျောင်းကို အစ္စရေး က တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်း ၂၄ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်က အဆိုပါ အဆောက်အအုံများကို ဟားမတ်စ်တပ်ဖွဲ့ဝင်များက အသုံးပြုနေကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်အစိုးရမီဒီယာရုံးက အစ္စရေးအား တနင်္ဂနွေနေ့တွင် “ရက်စက်ကြမ်းကြုတ်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီး တိုက်ခိုက်မှုများသည် ဆေးရုံနှင့်ကပ်လျက်ဖြစ်သော Al-Aqsa Martyrs ဗလီဝတ်ကျောင်းတော်နှင့် Ibn Rushd ကျောင်းတို့ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ အဆောက်အအုံနှစ်ခုလုံးသည် “ရွှေ့ပြောင်းနေထိုင်သူရာနှင့်ချီ” ထားရှိထားကြောင်း Telegram ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် လူနှစ်ဒါဇင်ခန့် အသက်ဆုံးရှုံးခဲ့ရသည့်အပြင် လူ ၉၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အဆိုပါတိုက်ခိုက်မှုကို အတည်ပြုခဲ့သော်လည်း ၎င်း၏စစ်လေယာဉ်များသည် စာသင်ကျောင်းတစ်ခုဖြစ်သည့် ဟားမတ်စ်အကြမ်းဖက်သမားများကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ပြောကြားခဲ့သည်။ ဗုံးကြဲခံခဲ့ရသည့် Al-Aqsa ဗလီကိုလည်း ကွပ်ကဲမှု နှင့် ထိန်းချုပ်ရေးဗဟိုဌာနအဖြစ် ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

IDF တပ်ဖွဲ့ဝင်များနှင့် အစ္စရေးနိုင်ငံတို့ကို အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် ဟားမတ်စ် အကြမ်းဖက်သမားများက အဆိုပါ ကွပ်ကဲမှု စင်တာများကို အသုံးပြုခဲ့ကြောင်း၊ တိုက်ခိုက်မှု မတိုင်မီ အရပ်သားများ ထိခိုက်မှုအန္တရာယ် လျော့ပါးစေရန် ခြေလှမ်းများစွာ လုပ်ဆောင်ခဲ့ကြောင်း IDF က ပြောကြားခဲ့သည်။ ယင်းဖြစ်ရပ်သည် “ဟားမတ်စ်အကြမ်းဖက်အဖွဲ့၏ အရပ်သားအခြေခံအဆောက်အအုံများကို စနစ်တကျအလွဲသုံးစားလုပ်ခြင်း၏ နောက်ထပ်ဥပမာတစ်ခုဖြစ်သည်။” ဟု ပြောသည်။


Ref - RT

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)