တောင်ငူ၌ ရေဘေးသင့်ပြည်သူများအား နယ်လှည့်ကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ငူ၌ ရေဘေးသင့်ပြည်သူများအား နယ်လှည့်ကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်







တောင်ငူ၊ အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်၊ တောင်ငူမြို့၊ သဖန်းပင်ကျေးရွာအုပ်စု၊ဇီးဖြူပင်ရွာ၊ ဇီးဖြူပင်ကျောင်း သာသနာ့ရိပ်သာ၌ ယမန်နေ့နံနက်ပိုင်းက ရေဘေးသင့်ပြည်သူများအား ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ပြည်သူ့ဆေးရုံကြီး(တောင်ငူ)မှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အခမဲ့ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟ၊ ပြည်သူ့ဆေးရုံကြီး(တောင်ငူ)မှ ခွဲစိတ်အထူးကုဆရာဝန် Dr.တေဇာဝင်းရှိန် ဦး‌ဆောင်သောအဖွဲ့မှ နယ်လှည့်ကွင်းဆင်းပြီး ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အခမဲ့ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)