နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးမှုများအား ထောက်ပံ့ပေးအပ်ပွဲ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးမှုများအား ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်



လယ်ဝေး၊ အောက်တိုဘာ ၅

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်သည့် ကမ်းပါးပြိုခြင်းကြောင့် လူနေအိမ် အိမ်ဖျက်သိမ်းပြောင်းရွှေ့ခြင်းနှင့် မိုးကြိုးပစ်ခြင်းကြောင့် လူသေဆုံးခြင်းတို့အတွက် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သဘာဝဘေးအန္တရာယ်ကြောင့်ကမ်းပါးပြို၍ နေအိမ်ရွှေ့ပြောင်းခဲ့ရသည့် ပြည်သူများနှင့် မိုးကြိုးပစ်သေဆုံးသူ၏ မိသားစုများအား အားပေးစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က မြို့နယ်အတွင်း သဘာဝဘေးဖြစ်ပွားမှုများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် လယ်ဝေးမြို့နယ်၊ ပေတုန်းမြှောင်ကျေးရွာတွင် စက်တင်ဘာ ၁၉ ရက်က မိုးကြိုးပစ်သေဆုံးသူ၏ မိသားစုအား နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် သုံးသိန်း၊ စက်တင်ဘာ ၂၀ ရက်က ရေကြီးမှုကြောင့် ကမ်းပါးပြို၍ လူနေအိမ်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် ကံသာအုပ်စု၊ သဲဖြူကျေးရွာမှ အိမ်တစ်လုံး၊ ညိုပင် ကျေးရွာမှ အိမ်နှစ်လုံး၊ သုံးတန်ကူးကျေးရွာမှ အိမ်တစ်လုံး၊ ဟေမာန်ကျေးရွာမှ အိမ်တစ်လုံး၊ သစ်ပုတ်ပင်ကျေးရွာမှ အိမ်နှစ်လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် ၇၇၁၄၀၀၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၀၇၁၄၀၀ တို့အား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဝေကြည်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)