အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ဆောင်ရွက်

 





မှော်ဘီ     ၊ အောက်တိုဘာ     ၅



ရန်ကုန်တိုင်းဒေသကြီး၊​မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းသန့်ရှင်းသာယာလှပစေရေးအတွက်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကိုယနေ့နံနက်၇နာရီအချိန်တွင်တာဝန်ရှိသူများစုပေါင်းကာသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သန့်ရှင်းရေးဆောင်ရွက်ရာတွင်မှော်ဘီမြို့နယ်မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲဲ့ ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများကဆေးရုံဝန်းအတွင်းရှိသစ်ပင်ချုံနွယ်ပင်၊အမှိုက်သရိုက်များ၊စွန့်ပစ်အမှိုက်များ၊အမှိုက်ပုံးအတွင်းရှိစွန့်ပစ်အမှိုက်များ ဖယ်ရှားရှင်းလင်းခြင်းတို့ကိုစုပေါင်းဆောင်ရွက်ခဲ့ သည်။

စုပေါင်းသန့်ရှင်းရေးဆောင်​ရွက်​​​​​​ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးအောင် ကြည်၊အဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်စုံကျော်၊အဖွဲ့ဝင်(၂)ဦး ဝင်းစိုးနှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ဆရာ/ဆရာမများ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ​၊​မြို့နယ်စည်ပင်သာယာ​​​​ရေးအဖွဲ့မှဝန်ထမ်းများ၊တပ်မတော်အရာရှိ စစ်သည်များနှင့်၊ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်း များ၊ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးများစုပေါင်း၍ သန့် ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ဝင်းဇော်(မှော်ဘီ)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)