တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း တစ်အိမ်တက်/ ဆင်းကောက်ယူနေမှုအား လှည့်လည်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း တစ်အိမ်တက်/ ဆင်းကောက်ယူနေမှုအား လှည့်လည်ကြည့်ရှုအားပေး





ထားဝယ်၊ အောက်တိုဘာ ၅

နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်သည်။

လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီးတွင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက ထားဝယ်မြို့နယ်ရှိ ရပ်ကွက်အလိုက် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို တစ်အိမ်တက်/ ဆင်းကောက်ယူနေမှုအား လှည့်လည် ကြည့်ရှုအားပေးသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးဆောင်၍ ဆက်စပ်အဖွဲ့အစည်းများနှင့် စာရင်းစစ်/စာရင်းကောက်များက သန်းခေါင်စာရင်းတွင် အသုံးပြုသည့်မေးခွန်း (၆၈) ခု၊ အိမ်ထောင်စုမေးခွန်းနှင့် မေးခွန်း (၁၈) ခုပါဝင်သည့် အဖွဲ့အစည်းမေးခွန်းများအားTablet များအသုံးပြု၍ ကောက်ယူရာ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာဖြင့် ပြည့်ပြည့်စုံစုံ ဖြေကြားခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ရပ်ကွက်နေ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်းအချက်အလက်များကို ရရှိစေရန် ရည်ရွယ်၍ ကောက်ယူခဲ့ခြင်းဖြစ်ပြီး စာရင်းကောက်ယူသူများက နံနက် ၇ နာရီ မှ ညနေ ၆ နာရီအတွင်း နေအိမ်များသို့ လာရောက်စာရင်းကောက်ယူမည်ဖြစ်ကာ စာရင်းကောက်ယူမည့်နေ့ကို ကြိုတင်အကြောင်းကြားမည်ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း စာရင်းကောက်ကွက်ပေါင်း (၂၆၈၃) ကွက်ကို Tablet များ အသုံးပြု၍  ရပ်ကွက်အလိုက် ပြည်သူလူထုများအား ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)