အုတ်တွင်းမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်ကြီးများက နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်ကြီးများက နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး


အုတ်တွင်း၊ အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ထန်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်ကြီးများက ယနေ့နံနက်ပိုင်းက နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါထန်းကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟ၊ တောင်ငူဆေးရုံအုပ်ကြီး၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီးများက ဦးဆောင်သော အထူးကုဆရာဝန်​ကြီးများအပါအဝင် ကျန်းမာရေး ဝန်ထမ်းများမှ ထန်းကုန်းဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ရေဘေးသင့်ပြည်သူ (၆၄) ဦးအား သာယာဝတီဆေးရုံကြီးမှ သမားတော် ဒေါက်တာချမ်းမြေ့အောင်နှင့် ဆေးအဖွဲ့များက ​ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ရေဘေးကယ်ဆယ်ရေးစခန်းကြီးကြပ်အဖွဲ့များမှ လိုအပ်သည်များကို လိုက်လံကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူးထံမှ သိရသည်။


ခင်မာ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)