(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ နေပြည်တော်၌ ကျင်းပလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ နေပြည်တော်၌ ကျင်းပလျက်ရှိ


နေပြည်တော်၊ အောက်တိုဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ယမန်နေ့နံနက်ပိုင်းက မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ Signing Room ၊ Banquet Hall ၊ Plenary Hall ၊ News Briefing Room တို့တွင်လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၊ လေ့ကျင့်ရေးဇာတ်ရုံ၊  နေပြည်တော် အမျိုးသားစာကြည့်တိုက်ခန်းမ၊ နေပြည်တော်အမျိုးသားပြတိုက်၊ နေပြည်တော် စည်ပင်သာယာကော်မတီ လေဟာပြင် ကဇာတ်ရုံတို့တွင်လည်းကောင်း အသီးသီးကျင်းပလျက်ရှိသည်။

အဆိုပါပြိုင်ပွဲများအနက် စောင်း၊ ပတ္တလား၊ နှဲ ၊ ပလွေ၊ အတီးပြိုင်ပွဲများကို အမျိုးသားပြတိုက်ခန်းမ၌ ကျင်းပရာ စောင်းပြိုင်ပွဲ(ပထမ)ရက်နေ့တွင် အဆင့်မြင့်ပညာ (အမျိုးသား)၊ အဆင့်မြင့်ပညာ (အမျိုးသမီး)၊ အခြေခံအသက် ၁၅-၂၀ (အမျိုးသား)၊ ဝါသနာရှင် ပထမတန်း(အမျိုးသား)၊ ဝါသနာရှင် ပထမတန်း (အမျိုးသမီး) ပြိုင်ပွဲဝင် ပညာရှင်များက မဲပေါက်သီချင်းများဖြစ်သည့် ပန်းဟေဝန်(ယိုးဒယား)၊ ရွှန်းရွှန်းမြ(သီချင်းခံ)၊ မှိုင်းရိပ်ကယ်တည့် (ကြိုး)၊ ထောင်ရောင်နေ(သီချင်းခံ)၊ ဇမ္ဗူကျွန်းလုံး(သီချင်းခံ)စသည့် သီချင်းများဖြင့် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။


တင်စိုးလွင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)