ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက် နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက် နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်




ဟိုပုံး၊ အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရ သာသနာလင်္ကာရအသင်းကြီးမှ ကြီးမှူး၍ မြန်မာနိုင်ငံလုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက် နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီးနောက် ဆရာတော်၊ သံဃာတော်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက နာဂပုရသာမဏေကျော်စာမေးပွဲတွင် စာဖြေရန်ကြွရောက်လာကြမည့် ရဟန်း၊ သာမဏေ၊ သီလရှင်တို့၏ နေရာချထားပေးမှုအခြေ အနေများ၊ ဆွမ်း၊ ခဲဖွယ်များချက်ပြုတ် စီစဉ်ဆောင်ရွက်ထားရှိမှု ဝေယျာဝစ္စနှင့် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လျှပ်စစ်မီး၊ ရေ၊ ဘဏ္ဍာငွေသုံးစွဲမှုအခြေအနေများ၊ အခမ်းအနား ပြင်ဆင်နေမှု အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်ပေးမည့် အခြေအနေများ၊ လုံခြုံရေး ဆောင်ရွက်ထားရှိမည့် အခြေအနေများ၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် စီစဉ်ဆောင်ရွက်မည့်အစီအမံများ၊ ဆရာတော်၊ သံဃာတော်များအား ကြိုဆိုရေးယာဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဖွင့်ပွဲပြုလုပ်မည့် အစီအမံများ၊ ဆွမ်းဆန်စီမ်းလောင်းလှူပွဲပြုလုပ်မည့် အစီအမံများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ နာဂပုရသာမဏေကျော်စာမေးပွဲကြီးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၁)နေ့မှ (၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး  မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးကျောင်းများမှ စာရင်းသွင်း ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၂၉၂၂)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)