ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လာရောက်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လာရောက်တွေ့ဆုံ


နေပြည်တော်၊ အောက်တိုဘာ ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia သည် ယမန်နေ့က ပြန်ကြားရေးဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံကြောင်း သိရသည်။

တွေ့ဆုံစဉ် မြန်မာ - တရုတ် မီဒီယာကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံမီဒီယာအဖွဲ့များ အပြန်အလှန်လည်ပတ်နိုင်ရေး၊ နှစ်နိုင်ငံအစိုးရအချင်းချင်းသာမက ပြည်သူအချင်းချင်းပါ ပိုမိုချစ်ကြည်ရင်းနှီးမှု၊ နားလည်မှုရှိစေရန်အတွက် မီဒီယာကဏ္ဍမှ လိုအပ်သည်များ ကြိုးပမ်း ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)