(၁၂) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၂) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ


နေပြည်တော်၊ အောက်တိုဘာ ၂၆

(၁၂) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်း အဝေး (ASEAN Ministerial Meeting on Disaster Management- AMMDM) နှင့် ဆက်စပ် အစည်းအဝေးများကို ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝမ်မြို့၌ အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် ကြသည်။

အောက်တိုဘာ ၂၄ ရက်က ကျင်းပသည့် အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံက အာရှပစိဖိတ်ဒေသ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဖိုရမ်ကျင်းပပြီးစီးခဲ့မှုအခြေအနေ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်နေမှုအခြေအနေ၊ AHA Centre က ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော ဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်မျှဝေမှု ကိစ္စရပ်များ၊ အာဆီယံအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဌာန (Emergency Operation Center- EOC)နှင့် အာဆီယံနိုင်ငံများရှိ EOC များ ချိတ်ဆက်မှုလေ့ကျင့်ဆောင်ရွက်ခဲ့မှု၊ ဖိလစ်ပိုင်နိုင်ငံ၊ မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ လူသားချင်းစာနာမှုအကူအညီ ထောက်ပံ့ ပစ္စည်းများ ပေးပို့နိုင်ခဲ့မှု၊ အာဆီယံသိုလှောင်ရုံများသို့ ထောက်ပံ့ပစ္စည်းများ ဖြည့်ဆည်းရန် စီမံ ထားရှိမှုများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံသဘော တူစာချုပ်ပါလုပ်ငန်းများ အကောင် အထည်ဖော်ရေး စီမံချက်လုပ်ငန်းအဖွဲ့ သုံးခု၏ အစည်းအဝေးများ၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစီအစဉ်များ ဖော်ဆောင်နိုင်မှု၊ ထောက်ပံ့ငွေများ၊ အကူအညီများ ရရှိ/သုံးစွဲမှု၊ ဆောင်ရွက်ရန် လျာ ထားသည့် စီမံကိန်းများ၊ AHA Centreနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးရန် ဆောင်ရွက်နေမှုအခြေ အနေများကို ရှင်းလင်းတင်ပြကြ ပြီး အဖွဲ့ဝင်နိုင်ငံဝန်ကြီးများက ဆွေးနွေးအတည်ပြုကြသည်။

ထို့နောက် အာဆီယံနှင့် တရုတ်နိုင်ငံ ဘေးအန္တရာယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစည်း အဝေးကို ကျင်းပပြီး အာဆီယံ - တရုတ်အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန ထူထောင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို တရုတ်နိုင်ငံဘက် ပေးပို့ထားရှိမှု၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် AADMER Work Program အကောင်အထည်ဖော်ရေး လုပ်ငန်းစီမံချက်နယ်ပယ် ၂၃ ခု ဆောင်ရွက်နေမှု၊ အာဆီယံ-တရုတ် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ချိတ်ဆက်လျှော့ချရေးမူဘောင် ရေးဆွဲနေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် အာဆီယံ-ဂျပန် ‌ဘေးအန္တရာယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို ကျင်းပပြီး အာဆီယံ-ဂျပန် ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ်များ၊ ကိုရီးယားနိုင်ငံနှင့် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးအဆင့်အစည်းအဝေး သီးခြားစီကျင်းပခဲ့ပြီး အာဆီယံ-ကိုရီးယား ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက် နေမှု၊ ၂၀၂၄ ခုနှစ်အတွင်း ဆောင် ရွက်ပြီးစီးခဲ့မှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များ၊ ထုတ်ပြန်ကြေညာမည့် သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဆိုင်ရာ ပူးတွဲကြေညာချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးအတည်ပြုခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံ သဘောတူစာချုပ်ပါလုပ်ငန်းများ အကောင်အထည်ဖော်ရေးစီမံချက် AADMER Work Program အကောင်အထည်ဖော်နိုင်ရန် အိန္ဒိယနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဥရောပသမဂ္ဂတို့နှင့် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲကော်မတီကိုယ်စား AHA Centre တို့ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးသည့်အခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများဖြစ်သော အာဆီယံသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ (၄၅) ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဝန်ကြီးများအဆင့်အစည်း အဝေးမတိုင်မီ အောက်တိုဘာ ၂၀ ရက်မှ ၂၃ ရက်အထိ ဘရူနိုင်းနိုင်ငံ၌ပင် ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့က ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများ၊ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)