ရန်ကုန်မြို့ အင်လျားလိပ်ဟိုတယ်၌ နည်းလမ်းပေါင်းစုံအသုံးပြု၍ အငြင်းပွားမှုများကိုဖြေရှင်းခြင်း သင်တန်းပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့ အင်လျားလိပ်ဟိုတယ်၌ နည်းလမ်းပေါင်းစုံအသုံးပြု၍ အငြင်းပွားမှုများကိုဖြေရှင်းခြင်း သင်တန်းပို့ချ


ရန်ကုန်၊ အောက်တိုဘာ  ၆

မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံးအသင်း(MIAC) နှင့် L2 I - CON International (Malaysia)တို့ ပူးပေါင်းစီစဉ်သည့် မြန်မာနိုင်ငံရှိ ADR (Alternative Dispute Resolution  သင်တန်း ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ရန်ကုန်မြို့ အင်လျားလိပ်ဟိုတယ် Grand Ball Room ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးအဲလ်ဘတ်ဇော်မင်း က အမှာစကား ပြောကြားသည်။

ဆက်လက်၍ Dato Mary Lim Thiam Suan(Director of Asian International Arbitration Centre(AIAC) က AIA ၏ လုပ်ငန်းစဉ်များနှင့် ADR အခန်းကဏ္ဍအ‌ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံးအသင်း (MIAC) နှင့် Environmental Social Governance (ESG) ADR (Alternative Dispute Resolution) အတွက် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံးအသင်း (ဗဟို)ဥက္ကဋ္ဌ ဦးအဲလ်ဘတ်ဇော်မင်း၊ ရန်ကုန်မြို့ သင်္ဃန်းကျွန်းခရိုင် မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံးအသင်း ဥက္ကဋ္ဌ ဦးညီညီသိန်း၊ မလေးရှားနိုင်ငံမှ ESG ADR ဖိုရမ်တည်‌ထောင်သူ Mr. Leong Hong Kitနှင့် Mr. Andrew Heng တို့က နှစ်ဖက်နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြသည်။

ယင်းနောက် ESG ADR ဖိုရန်၏ ကိုယ်စားပြုပူးတွဲတည်ထောင်သူ Mr. Leong Hong Kit က နည်းလမ်းလမ်းပေါင်းစုံအသုံးပြု၍ အငြင်းပွားမှုများကို ဖြေရှင်းခြင်း (Introduction to ADR) အကြောင်းပို့ချပြီး တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများက သိရှိလိုများကို‌ မေးမြန်းကြသည်။ အဆိုပါသင်တန်းသို့ ဥပဒေပညာရှင်များ၊ ဥပဒေအကြံပေးများ၊ ADR ပညာရှင်များနှင့် စိတ်ပါ၀င်စားသူများတက်‌ရောက်ကြပြီး သင်တန်းကို‌ အောက်တိုဘာ ၆ ရက်အထိ နှစ်ရက်တာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်မြင့်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)