တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်





ပုသိမ်၊ အောက်တိုဘာ  ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားကို ပုသိမ်မြို့၊ အမှတ်(၉)အခြေခံပညာမူလတန်းတန်းကျောင်းမှ လက်ထောက် မူလတန်းပြဆရာမတစ်ဦးက “မြတ်ဆရာ” သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ် ခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖတ်ကြားပြီးနောက် “နှစ်စဉ်အောက်တိုဘာလ (၅) ရက်နေ့ရောက်တိုင်း ကမ္ဘာ့ဆရာများနေ့အခမ်းအနားများကို ကျင်းပလျက်ရှိပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီး၏ ကျေးဇူးဂုဏ်အင်ကိုရည်မှတ်၍ ဆရာကန်တော့ပွဲများကိုလည်း နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားသို့ တက်ရောက် လာသော အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများသည် မိမိတို့၏ သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာများပင်ဖြစ်ပါကြောင်းနှင့် ဆရာများ၏ဂုဏ်ပုဒ်များသည်လည်း လွန်စွာကြီးမားပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများသည် တပည့်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်သတ္တိများ မြင့်သည် ထက်မြင့်အောင် ပြုစုပျိုးထောင်ပေးခဲ့သည့် အနန္တော၊ အနန္တဂိုဏ်းဝင် ဆရာကြီး၊ ဆရာမကြီးဖြစ်ပါကြောင်းနှင် မိမိတို့အနေဖြင့်လည်း ဆရာကြီး၊ ဆရာမကြီးများ၏ သင်ကြားပြသမှု အောက်တွင် ကြီးပြင်းခဲ့ရပြီး နိုင်ငံ့တာဝန်များကို ကောင်းမွန်စွာထမ်းဆောင်ခဲ့ပါကြောင်း၊ ထို့အပြင် ပညာစတင်သင်ကြားပေးသည့် လက်ဦးဆရာ၊ ဆရာမများ၏ ဂုဏ်ကျေးဇူးများကို လည်း မမေ့မလျော့ဘဲ ကန်တော့အပ်ပါကြောင်း”  ဂုဏ်ပြုစကားများကြားခဲ့သည်။ ယင်းနောက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာကို တိုင်းဒေသကြီးပညာရေးမှူးက ဖတ်ကြားခဲ့သည်။

ထို့နောက် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အဖြစ်ပြုလုပ်သည့်  အခြေခံပညာအလယ်တန်းအဆင့်ကဗျာ(တိုင်းအဆင့်)တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့်အခြေခံပညာ အထက်တန်းအဆင့်ကဗျာ(တိုင်းအဆင့်)တွင် ပထမ၊ ဒုတိယ၊ တတိယ ဆု ရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံး (တိုင်းအဆင့်)တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး(တိုင်းအဆင့်)တွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်ဇနီးတို့က လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ပြီးနောက် ပုသိမ်မြို့ AD Myanmar ကိုယ်ပိုင်မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ဆရာရဲ့ ဂရုဏာ”သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)