မောက်မယ်မြို့နယ်၌ ဝါကျွတ်ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မောက်မယ်မြို့နယ်၌ ဝါကျွတ်ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲ ကျင်းပ




မောက်မယ်၊ အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့ကကြီးမှူး၍ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝါကျွတ်ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူပွဲကို ယမန်နေ့နံနက် ၇ နာရီက နန်းဖတ်ခုမ်စေတီတော်ကျောင်းမှ ပရိယတ္တိပါဒကကျောင်းကြီးစာသင်တိုက်အထိ ဗိုလ်ချုပ်အောင်ဆန်း လမ်းမတစ်လျှောက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဝါကျွတ်ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲတွင် မြို့နယ်စုပေါင်းရုံးရှေ့၌ ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များ ဗိုလ်ချုပ်အောင်ဆန်းလမ်းမတလျှောက်တွင် ဒေသခံပြည်သူများက မြို့ပေါ်ရှိဘုန်းကြီးကျောင်း (၁၅) ကျောင်းနှင့် ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်း (၈) ကျောင်းမှ ကျောင်းထိုင်ဆရာတော်များ ရဟန်းသံဃာတော်များ မြို့နယ်အတွင်းရှိ မြို့နယ်သံယာ့နာယက ဥက္ကဋ္ဌဆရာတော်နှင့် သံဃာတော်များ (၂၀၀) ပါးခန့်တို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ စည်ကားသိုက်မြိုက်စွာ စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် လှူဒါန်းမှုအစုစုတို့အတွက် အလှူရှင်များက ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုခဲ့ကြပြီး  လောင်းလှူခဲ့ကြောင်းသိ ရသည်။   


စိုင်းမျိုးသန့်(မောက်မယ်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)