ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် မိုးစပါးစံကွက် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် မိုးစပါးစံကွက် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေး





ဇလွန်၊ အောက်တိုဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၁ နာရီက ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အုပ်ရှစ်ကွင်းကျေးရွာအုပ်စု သရက်ကုန်းကျေးရွာ တောင်သူဦးသန်းဇော်ဦး၏ ကွင်းအမှတ် (၁၆၈၇) ဦးပိုင်အမှတ်(၁၁/၃) တွင် မိုးစပါး (၆) ဧကစိုက်ခင်းတွင် စံကွက်ရိတ်သိမ်းမှုနှင့် မင်းဒရယ်ကျေးရွာအုပ်စု တောင်သူ ဦးကျော်ဆန်းအေး၏ ကွင်းအမှတ် (၁၆၁၂) ဦးပိုင်အမှတ်(၁၁/က) တွင် မိုးစပါး (၇) ဧကစိုက်ခင်းတွင် ရေကြီးနစ်မြုပ်မူကြောင့် ထိခိုက်မူအပေါ် သွင်းအားစုထည့်သွင်းကြဲပက်ပွဲအား တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဇလွန်မြို့နယ် အုပ်ရှစ်ကွင်းကျေးရွာအုပ်စု သရက်ကုန်းကျေးရွာ တောင်သူ ဦးသန်းဇော်ဦး၏ လယ်မြေတွင် YSR - 1 မိုးစပါး (၆)ဧက စိုက်ခင်းတွင် စံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် (၁၀၀.၃၅) တင်းနှုန်း ထွက်ရှိမှုနှင့် မင်းဒရယ်ကျေးရွာအုပ်စု တောင်သူ ဦးကျော်ဆန်းအေး၏ မိုးစပါး (၇) ဧကစိုက်ခင်းတွင် ရေကြီးနစ်မြုပ်မူကြောင့် ထိခိုက်မှုအပေါ် သွင်းအားစု ထည့်သွင်းကြဲပက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။


ဝေယံ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)