ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများနှင့် ပုသိမ်တက္ကသိုလ် ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများနှင့် ပုသိမ်တက္ကသိုလ် ကြည့်ရှုစစ်ဆေး



နေပြည်တော်၊ အောက်တိုဘာ ၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများသည် ယမန်နေ့က အိမ်မဲမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး အဆိုပါကျောင်း၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်များ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများကို စည်းကမ်းရှိပြီး ရိုးသားကြိုးစားသည့် လူတော်လူကောင်းများ၊ ပညာတတ်များဖြစ်အောင် ပြုစုပျိုးထောင်မွေးထုတ်ပေးရန်၊ ကျောင်းသား ကျောင်းသူများ ပညာကိုစဉ်ဆက်မပြတ် ကြိုးစားသင်ယူကြရန်၊ ပညာသင်ကြားရာတွင် အမှန်တကယ်တတ်မြောက်အောင် စေတနာထား သင်ကြားပေးရန်၊ ကျောင်းနေအရွယ်ကလေးတိုင်း စာသင်ခန်းရောက်အောင် စည်းရုံးကြိုးပမ်းဆောင်ရွက်ရန်၊ ကျောင်းသား ကျောင်းသူတိုင်း အနိမ့်ဆုံး KG+9 အခြေခံပညာ အလယ်တန်းအဆင့်ပြီးမြောက်အောင် သင်ကြားပေးကြရန်၊ ပညာအရည်အသွေး တိုးတက် ကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး ဆရာ ဆရာမများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် အိမ်မဲမြို့ အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်း၊ ကန်ကြီးဒေါင့်မြို့နယ် ဒါးက အခြေခံပညာအထက်တန်းကျောင်း၊ တကုန်းကြီး အခြေခံပညာအထက်တန်းကျောင်းတို့သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးကာ စာသင်ခန်း၊ စာသင်ဆောင်များ၊ စာကြည့်တိုက်များ၊ ကျောင်းဝင်းအတွင်း ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပုသိမ်တက္ကသိုလ်သို့ရောက်ရှိပြီး ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ နိုင်ငံတော်အတွက်လိုအပ်သည့် အသိပညာ၊ အတတ်ပညာရှင်များ၊ နိုင်ငံ့သားကောင်းရတနာများ၊ အရည်အသွေးပြည့်ဝသော ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးရန်၊ တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးလက်တွဲဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)