ရမည်းသင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုများအတွက် အိမ်သာခွက်နှင့် အိမ်သာပိုက်များထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမည်းသင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုများအတွက် အိမ်သာခွက်နှင့် အိမ်သာပိုက်များထောက်ပံ့ပေးအပ်



ရမည်းသင်း၊ အောက်တိုဘာ ၉

ကျန်းမာရေးဝန်ကြီးဌာန‌မှ ပတ်ဝန်ကျင်သန့်ရှင်းရေးအတွက် ရမည်းသင်းမြို့နယ်အတွင်း ရေဘေးသင့် အိမ်ထောင်စုများအား အိမ်သာခွက်နှင့် အိမ်သာပိုက်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ရမည်းသင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်က ရမည်းသင်းမြို့နယ်အတွင်း ရေဘေးသင့်မှုဖြစ်ပေါ်စဉ်က မိမိတို့ကျန်းမာရေးဌာနမှ အချိန်နှင့်တစ်ပြေးညီ အထူးကုဆရာဝန်ကြီးများဖြင့် ကွင်းဆင်းကုသခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမှုများကိုလုပ်ဆောင်ပေးခဲ့ပါကြောင်း၊ ရေဘေးသင့်ပြည်သူများ ပတ်ဝန်းကျင်သန့်ရှင်းစေရန်အတွက်လိုအပ်သည့် အိမ်သာခွက်နှင့် အိမ်သာပိုက်များကိုထောက်ပံ့ပေးရခြင်းကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးမှူးမှ အိမ်သာခွက်နှင့် အိမ်သာပိုက် အစုံ (၃၀၀၀) ကို ပေးအပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းတို့မှ လက်ခံရယူခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်ကုသရေးဦးစီးမှူး ဒေါက်တာအိအိခင်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနီနီဝင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင်မြင့်မော်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်ဉ္ဇူမြင့်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)