ကျောက်တလုံးကြီးမြို့၌ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားသွားကျောင်းတက်ကုသိုလ်ပြုသူများ၊ ဥပုသ်သီလဆောက်တည်သူများဖြင့် စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တလုံးကြီးမြို့၌ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားသွားကျောင်းတက်ကုသိုလ်ပြုသူများ၊ ဥပုသ်သီလဆောက်တည်သူများဖြင့် စည်ကား




ကျောက်တလုံး၊ အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် နေထိုင်ကြသောပြည်သူများအနေဖြင့် ဘာသာတရားကိုအလေးထားယုံကြည်ကိုးကွယ်ကြသည်နှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားသွားကျောင်းတက် ကုသိုလ်ပြုသူများ၊ ဥပုသ်သီလဆောက်တည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကျောက်တလုံးမြို့‌အတွင်းရှိ ပြည်သူများအနေဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် သမိုင်းဝင် ထင်ရှားမွေတော်ကက္ကူဘုရားအပါအဝင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကြပြီး ကုသိုလ်ပြုလုပ်ငန်းများ၊ ဥပုသ်သီလဆောက်တည်ခြင်းများအပြင်၊ ဥပုသ်ဒကာများနှင့် ရပ်နီးရပ်ဝေးမှ ဘုန်းကြီးကျောင်းတက် ပြည်သူများအား စတုဒိသာကျွေးမွေးခြင်းများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိကြပြီး စည်ကားလျက်ရှိ‌‌ကြောင်း သိရသည်။


ဇော်နိုင်လင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)