သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် ​မော်လမြိုင်မြို့နယ်ရှိ ဘုရားစေတီပုထိုးများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် ​မော်လမြိုင်မြို့နယ်ရှိ ဘုရားစေတီပုထိုးများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား





မော်လမြိုင်၊ အောက်တိုဘာ ၁၇

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ အဘိဓမ္မာအခါတော်နေ့ဖြစ်ပြီး မော်လမြိုင်မြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်အသီးသီး၊ ရပ်ကွက်လမ်းများ၌ အဘိဓမ္မာအခါတော်နေ့ပူဇော်ပွဲ၊ ဘုရားရှင်အားဆီးမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာကုသိုလ်ပြုကြသူများဖြင့် အထူးစည်ကားခဲ့ပြီး ယခုကဲ့သို့ ဝါလကင်းလွတ်သီတင်းကျွတ်ကာလတွင် ခရီးသွားပြည်သူများနှင့်ဒေသခံအပေါင်းတို့က မိသားစုအလိုက်လာရောက်ဖူးမြော်ကုသိုလ်ပြုလေ့ရှိသောကြောင့် ပိုမိုစည်ကားခဲ့​ခြင်းဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်အတွင်းရှိ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံ​တော်ရှင်ကျိုက်သလ္လံ စေတီတော်မြတ်ကြီး၊ နံဂါးမောက်စေတီတော်မြတ်ကြီး၊ အပါအဝင်ဘုရား‌ စေတီပုထိုးများ၌ ယနေ့ နံနက်ပိုင်း(သီတင်းကျွတ်လပြည့်နေ့)က ဘုရားဖူးပြည်သူများ၊ စတုဒီတာကျွေးမွေးသူများဖြင့် အထူး စည်ကားလျက်ရှိကြောင်း သိရသည်။


စည်သူ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)