သရက်မြို့၌ သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်


သရက်၊ အောက်တိုဘာ ၂

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် သက်ကြီးဘိုးဘွားများအား ယမန်နေ့နံနက်ပိုင်းတွင် အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိမ်းလဲ့ရည်နှင့် ဝန်ထမ်းများက သရက်ခရိုင်အတွင်းရှိ အသက် (၁၀၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀/-နှုန်းဖြင့် သက်ကြီးဘိုးဘွား (၁၃)ဦးကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဇော်ထက်(သရက်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)