မြစ်ကြီးနားမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကချင်ပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကချင်ပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှုအားပေး





မြစ်ကြီးနား၊ အောက်တိုဘာ  ၂

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဆောင်ရွက်ပြီဖြစ်ရာ ယမန်နေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ပြည်နယ်ဝန်ကြီးချုပ်နေအိမ်၌ ကောက်ယူခဲ့ကြသည်။

ထို့သို့ စာရင်းကောက်ယူရာတွင် ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးတင်မောင်ဆွေ၊ ကော်မတီအတွင်းရေးမှူး လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူး ဦးသန့်ဇင်ကိုကိုနှင့် စာရင်းကောက်အဖွဲ့ဝင်များက ဧရာရပ်ကွက် ကမ်းနားလမ်းရှိ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၏ နေအိမ်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ၎င်းတို့၏ မိသားစုဝင်များအား လူဦးရေနှင့်အိမ်အကြောင်းအရာများပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူရမည့် အချက်အလက်များကို Mobile Tablet အသုံးပြု၍ မေးမြန်းကောက်ယူခြင်း၊ စာရင်းသွင်းခြင်းတို့ကို သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် မူဝါဒ ချမှတ်ရေးအတွက် အရေးကြီးဆုံးတာဝန်တစ်ရပ်အနေဖြင့် ကောက်ယူရာတွင် နေရာဒေသအလိုက် မထပ်မကျန်အောင် ကောက်ယူကြရေး၊ အချက်အလက်မှန်ကန်စွာ ကောက်ယူရေးမှာကြားပြီး သန်းခေါင်စာရင်းကောက်ယူကြမည့်အဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ် ခဲ့သည်။

ထို့အတူ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်သည် ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ သန်းခေါင်စာရင်း အထောက် အကူပြုအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် (နောင်ရာ)အပိုင်းအတွင်း တစ်အိမ်တက်ဆင်းစနစ်ဖြင့် စာရင်းကောက်အဖွဲ့များ၏ လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သန်းခေါင်စာရင်းသည် နိုင်ငံတော်၏ အနာဂတ်စီမံကိန်းများအတွက် အထောက်အကူဖြစ်စေရုံသာမက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အခွင့်အရေးဖြစ်ကြောင်း၊ စနစ်တကျဆောင်ရွက် ကြရန်နှင့် မေးခွန်းများအား မှန်ကန်စွာဖြေဆိုပေးနိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယနေ့မှစတင်၍ အောက်တိုဘာ ၁၅ ရက်နေ့အထိ ကချင်ပြည်နယ်အတွင်း စာရင်း ကောက်ကွက်ပေါင်း (၁၀၀၀၀)ကျော်တို့တွင် စာရင်းစစ်/စာရင်းကောက်ဦးရေ (၈၀၀)ကျော်တို့ဖြင့် မြို့နယ်ပေါင်း (၁၂) မြို့နယ်တွင် သန်းခေါင်းစာရင်းကောက် ယူသွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)