ပဲခူးတိုင်းဒေသကြီးတစ်ခုလုံး၌ အသက်အကြီးဆုံးအဘွား ဒေါ်ခင်ညွန့် (၁၁၈) နှစ်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးတစ်ခုလုံး၌ အသက်အကြီးဆုံးအဘွား ဒေါ်ခင်ညွန့် (၁၁၈) နှစ်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်


ပြည်၊ အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီးတစ်ခုလုံးတွင် အသက်အကြီးဆုံးဖြစ်သော ပြည်မြို့နယ်၊ ပေါင်းတလည်မြို့ ဗြူးကုန်းကျေးရွာအုပ်စုနေ အသက် ၁၁၈ နှစ်အရွယ်ရှိ အဘွား ဒေါ်ခင်ညွန့်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၃) သိန်းတိတိကို  ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက အဘွား၏နေအိမ်သို့ သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ငွေများပေးအပ်ရာတွင် ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်မြင့်နှင့် ဝန်ထမ်းများအဖွဲ့က ပေါင်းတလည်မြို့အုပ်ချုပ်ရေးမှူးနှင့်အတူ အဘွားဒေါ်ခင်ညွန့်၏ရှေ့မှောက်၌ ၎င်း၏မိသားစုဝင်တစ်ဦးထံ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ကိုဆက်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)