သဘာ၀ဘေးကြောင့်ပျက်စီးသွားသည့် ပလိပ်-တံတားဦးလမ်းမိုင်(၄/၅-၄/၆)အတွင်းရှိ တံတားအမှတ်(၁/၅) ပန်းလောင်မြစ်ကူးတံတား (၁၆၀)ပေအရှည် ဘေလီတံတားနှင့်ချဉ်းကပ်လမ်းတည်ဆောက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာ၀ဘေးကြောင့်ပျက်စီးသွားသည့် ပလိပ်-တံတားဦးလမ်းမိုင်(၄/၅-၄/၆)အတွင်းရှိ တံတားအမှတ်(၁/၅) ပန်းလောင်မြစ်ကူးတံတား (၁၆၀)ပေအရှည် ဘေလီတံတားနှင့်ချဉ်းကပ်လမ်းတည်ဆောက်ပြီးစီး


စဉ့်ကိုင်၊ အောက်တိုဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် သဘာ၀ဘေးကြောင့်ပျက်စီးသွားသော ပလိပ်-တံတားဦးလမ်းမိုင်(၄/၅-၄/၆)အတွင်းရှိ တံတားအမှတ်(၁/၅) ပန်းလောင်မြစ်ကူးတံတားအား ဆောက်လုပ်ရေး၀န်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး တံတားအထူးအဖွဲ့(၄)မှ (၁၆၀)ပေအရှည် (T/SR2 Extra Wide C 100 )ဘေလီတံတားတည်ဆောက်ခြင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လမ်းဦးစီးဌာနမှ ချဉ်းကပ်လမ်းတည်ဆောက်ပြီးဖြစ်ပါသဖြင့် ယာဉ်များဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ  တံတားပျက်စီးသွားသည့် ပလိပ်-တံတားဦးလမ်းသည်  ရန်ကုန်-မန္တလေး  အမြန်လမ်း၊ ရန်ကုန်-ပြည်-မန္တလေးလမ်းနှင့် ရန်ကုန်-တောင်ငူ-မန္တလေးလမ်းအား ဆက်သွယ်ပေးထားသော အရေးပါသည့်လမ်းမကြီးဖြစ်ပါသည်။  ရန်ကုန်-ပြည်-မန္တလေးလမ်းနှင့်  ရန်ကုန်-မန္တလေး အမြန်လမ်းမှ ပြင်ဦးလွင်မြို့သို့ သွားမည့်ယာဉ်များသည်  ပလိပ်-တံတားဦးလမ်းအား  ဖြတ်သန်း၍ ရန်ကုန်-တောင်ငူ-မန္တလေးလမ်းအတိုင်း သွားလာနေရသော လမ်းပိုင်းဖြစ်ပြီး ပျက်စီးသွားသည့် ပန်းလောင်မြစ်ကူးတံတားအား ကုန်စည်စီးဆင်းမှု မြန်ဆန်လွယ်ကူစေရန်နှင့်  လူမှုရေး၊  ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများ အမြန်ဆောင်ရွက်နိုင်ရေးအတွက် တံတားအထူးအဖွဲ့(၄)မှ အရှည်(၁၆၀)ပေ(T /SR2 Extra Wide C 100) ဘေလီတံတား တည်ဆောက်ခြင်းနှင့် ကျောက်ဆည်ခရိုင်၊ လမ်းဦးစီးဌာနမှ ချဉ်းကပ်လမ်းတည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်သောကြောင့် ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်းသိရသည်။


၀င်း၀င်းသန်း(စဉ့်ကိုင်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)