ထားဝယ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံမတ်ပဲစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံမတ်ပဲစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံဆွေးနွေး



ထားဝယ်၊ အောက်တိုဘာ ၂

၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံမတ်ပဲစိုက်ပျိုးမည့်တောင်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ၃၀-၉-၂၀၂၄ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးနိုင်က မတ်ပဲစိုက်တောင်သူများအနေဖြင့် တစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ မတ်ပဲအထွက်ကောင်းမျိုးများ စိုက်ပျိူးနိုင်ရေးနှင့် ထွက်ရှိလာသောမတ်ပဲမျိုးများအား ဈေးကောင်းရရှိစေရန် ဈေးကွက်သို့ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအားတိုးတက်ရေး၊ တောင်သူများအပိုဝင်ငွေရရှိရန် တစ်သီးစိုက်ပျိုးခြင်းမှ နှစ်သီးစိုက်ပျိုးခြင်းသို့ ပြောင်းလဲစိုက်ပျိုးလာတတ်စေရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးဦးထွန်းမြက ဆောင်းသီးနှံမတ်ပဲစိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းက ၂၀၂၄-၂၀၂၅ ခုနှစ် ထားဝယ်မြို့နယ်၏ မတ်ပဲစိုက်လျာထားဧက-၃၀၀အပေါ်တွင် မတ်ပဲမျိုးတင်း ၁၄၅ တင်း စုဆောင်းထားရှိပြီးဖြစ်ကြောင်း မတ်ပဲစိုက်တောင်သူများ ပဲမျိုးအဆင်သင့်ရှိနေပြီးဖြစ်ကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်မတ်ပဲစိုက်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


ငွေဇင်ယော်(ထားဝယ်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)