မှော်ဘီ (ရန်ကုန်)၊ အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်မီးသတ်စခန်း၌အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဆင်းပွဲကို ယနေ့နံနက်၉နာရီအချိန်တွင်မှော်ဘီမီးသတ်စခန်း၌ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့(ခေတ္တ)ဥက္ကဋ္ဌ ဦးမျိုးဝင်း က သင်တန်းဆင်းအ ဖွင့်အမှာစကားပြောကြားရာတွင်သင်တန်းသားများအနေဖြင့်ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ် များကိုမီးဘေးအန္တရာယ်မှတားဆီးကာကွယ်ရန်၊သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါကသန္ဓေတပ်ဖွဲ့ ဝင်များနှင့်လက်တွဲကာပူးပေါင်း၍စနစ်တကျရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့်လူမှူရေးလုပ်ငန်းများတွင်တက်ကြွစွာပါဝင်ဆောင်ရွက်ရန်သတိတရား၊သစ္စာတရား၊သတ္တိတရားများနဲ့ရဲ ဝံ့ပြတ်သားစွာလုပ်ဆောင်သွားကြဖို့နဲ့အရန်မီးသတ်တပ်ဖွဲ့ဝင်တိုင်းစွမ်းရည်(၄)ရပ်၊နာ(၅)နာနဲ့ပြည့်စုံ အောင်အမြဲကြိုးပမ်းသွားကြရန်မှာကြားခဲ့သည်။
ဆက်လက်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းတွင်ဆုရရှိသူများနှင့်သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများ ကအသီးသီးပေးအပ်ကာသင်တန်းသားဆင်တူဝတ်စုံများကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (၂)ဦးဝင်းစိုးမှ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းသား (၅၀) ဦးဖြင့် စက်တင်ဘာ ၉ရက်နေ့မှအောက်တိုဘာ၄ရက်နေ့အထိဖွင့်လှစ် သင်ကြားပေးခဲ့ခြင်းဖြစ်ပြီးသင်တန်းတွင်မီးသတ်ပညာဘာသာရပ်၊ရှာဖွေကယ်ဆယ်ရေးပညာဘာသာရပ်နှင့်ရှေးဦးသူနာပြုစုခြင်းပညာဘာသာရပ်များကိုစာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ခေတ္တ)ဥက္ကဋ္ဌဦးမျိုးဝင်း၊အဖွဲ့ဝင်(၂)ဦးဝင်းစိုး၊ အဖွဲ့ဝင်(၃)ဦးဝင်းမြတ်ဆွေ၊မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မြင့်အောင်၊နှင့်ဖိတ်ကြားထားသောဌာနဆိုင်ရာအ ကြီးအကဲများ၊ရပ်ကွက်၊အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြောင်းသိရသည်။
ကောင်းမြတ်သူ(မှော်ဘီ)
https://t.me/MyanmarNationalPost
https://t.me/MyanmarNationalPost

No comments:
Post a Comment