ကလော၊ အောက်တိုဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့လမ်းဦးစီးဌာနရိပ်သာ၌ အောက်တိုဘာလ ၄ ရက်နေ့နံနက် ၉ နာရီက ရန်ကုန်မြို့မရှိခဏဆရာတော်ကြီးမှ ကလောမြို့ ရေဘေးသင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ရန်ကုန်မြို့ မရှိခဏဆရာတော်ဦးဆောင်၍ ကလောတပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်ကျော်ဟန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်းနှင့်အဖွဲ့ဝင်များက ကလောမြို့ရေဘေးသင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ဆန် ၆ ပြည်အိတ် ၁၈၈၆ အိတ်၊ဆီ ၅၀ ကျပ်သားဘူး ၁၁၇၆ ဘူး၊ရေသန့် ၆ ဘူးပါ ၆၀၀ ကဒ်၊ ခေါက်ဆွဲ ခြောက် ၉၀ ဖာ ၊ ဆားအထုပ်ကြီး ၄၀ ထုပ်၊ ချိုချဉ် ၄၅ ဖာ တို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment