တောင်ငူ၌ ရေပြန်လည်ကျဆင်းသွားသည့်နေရာများ၌ လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ငူ၌ ရေပြန်လည်ကျဆင်းသွားသည့်နေရာများ၌ လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ




တောင်ငူ၊ အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ရေများပြန်လည်ကျဆင်းသွားသည့်နေရာများ၌ လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်‌‌ပေးလျက်ရှိရာ၊‌ တောင်ငူခရိုင် မီးသတ်တပ်ဖွဲ့မှ ယမန်နေ့က ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ၏ စက်ရုံဟောင်းမြေနေရာ၌ တည်ရှိသောရိပ်သာအား လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်‌ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ၏ရိပ်သာအတွင်း တင်ကျန်ခဲ့သည့်နုန်းများနှင့် ရွှံ့များအား သန့်ရှင်းရေးဆောင်ရွက်ခဲ့ပြီး အလားတူရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများနှင့်ဌာနဆိုင်ရာအဆောက်အအုံများတွင်လည်း လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများအား တောင်ငူခရိုင်မီးသတ်ဦးစီးမှူး ဦးသက်ဝင်း၏ကြီးကြပ်မှုဖြင့် နေ့စဉ်အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)