လွိုင်လင်မြို့နယ်အတွင်း သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသည့်နေအိမ်များ၊ အသက်သေဆုံးသူများအတွက် ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လွိုင်လင်မြို့နယ်အတွင်း သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသည့်နေအိမ်များ၊ အသက်သေဆုံးသူများအတွက် ထောက်ပံ့ပေးအပ်


လွိုင်လင်၊ အောက်တိုဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့်နေအိမ်များနှင့် အသက်သေဆုံးသူများအတွက် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋက ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကြည်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးတို့က ထောက်ပံ့ငွေ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် တစ်ပတ်စာရိက္ခာများကို ထောက်ပံ့ပေးအပ်ရာ သဘာဝဘေးသင့်ပြည်သူများ၊ အသက်ဆုံးရှုံးသွားသည့်သူများ၏ မိသားစုဝင်များက လက်ခံရယူကြသည်။

ယနေ့ထောက်ပံ့ပေးအပ်သည့်အခမ်းအနားတွင် သေဆုံးသူ(၁၇) ဦးအတွက် တစ်ဦးလျှင် ကျပ် (၁၀) သိန်းစီကိုလည်း‌ကောင်း၊  ပျက်စီးသွားသည့် နေအိမ် (၅၉) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ကစ်ပုံး (၅၉) ပုံးနှင့် ရေဘေးသင့်လူဦးရေ ၂၃၆ ဦး တစ်ပတ်စာစားရိက္ခာအတွက် ၄၉၅၆၀ဝိ/- ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ယနေ့နံနက်ပိုင်းက ယာယီကယ်ဆယ်ရေးစခန်းများတွင် နယ်မြေခံတပ်နယ်မှ ဆန်၊ ဆီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်ဥများကို တပ်နယ်မှူးနှင့် တာဝန်ရှိသူများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)