မော်လမြိုင်၊ အောက်တိုဘာ ၁၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မြဆည်းဆာပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်သော သုဓမ္မာဂိုဏ်းဝင် “ရွှေဥသြ” ပဝါရဏာအုပ်စု သံဃာတော်များ စုပေါင်းပဝါရဏာပွဲကို ယနေ့ နေ့နံနက်ပိုင်းက မြဆည်းဆာပရိယတ္တိစာသင်တိုက် ထွန်းသာသန ရက္ခိတဓမ္မဗိမာန်တော်တွင်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားရှိခိုးကန်တော့ဖွင့်လှစ်ခဲ့ပြီး မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိအရှင်သူမြတ်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် အလှူရှင်များက မြဆရာတော်ကြီးနှင့်တကွ ဆရာတော်သံဃာတော် အရှင်သူမြတ်များထံ ကျွန်းနက်အစစ် ဗုဒ္ဓရုပ်ပွားတော် တဆူစီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူခဲ့ကြပြီး မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိအရှင်သူမြတ်ထံမှအနုမောဒနာ တရားနာကြားပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနာစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှုဒါန်းခဲ့သည်။
သီတင်းကျွတ်လပြည့်နေ့တွင့် မြဆည်းဆာပရိယတ္တိစာသင်တိုက်၌ ပုရိမဝါမှ ထတော်မူသော သုဓမ္မာဂိုဏ်းဝင် သုဓမ်မာဂိုဏျဝငျ "ရွှေဥသြ" ပဝါရဏာအုပ်စုဝင် ကျောင်းပေါင်း(၁၇)ကျောင်းမှ သံဃာတော် အပါး(၃၀၀)ခန့်အား အလှူရှင်များက ဆွမ်းခြောက်နှင့် ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။
စည်သူ
Join - https://t.me/MyanmarNationalPost





No comments:
Post a Comment