မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လယ်ဝေး-ဒလန့်ချွန်သွား မီးရထားလမ်းကူးတံတား ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လယ်ဝေး-ဒလန့်ချွန်သွား မီးရထားလမ်းကူးတံတား ပျက်စီး




လယ်ဝေး၊ အောက်တိုဘာ ၆

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ယမန်နေ့မွန်းလွဲပိုင်းက လယ်ဝေး-ဒလန့်ချွန်သွား မီးရထားလမ်း၊ ကွင့်ကြီးမြောင်ချောင်းကူးတံတား၊ တံတားအမှတ် ၁၄၄၊ မိုင်တိုင်အမှတ် ၂၆၂/၆၇ ၊ ၂၄ ပေအရှည် တံတား ကျိုးကျပျက်စီးခဲ့သည်။

အဆိုပါတံတား ကျိုးကျပျက်စီးရာနေရာသို့ မီးရထားတိုင်း(၅)မှ အင်ဂျင်နီယာမှူး ဦးအောင်မြင့်နိုင်နှင့်အဖွဲ့က မီးရထားလိုင်းများ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေး ယမန်နေ့ ညနေပိုင်းမှစတင်၍ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

  

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)