တနင်္သာရီတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့်တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ခွဲ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့်တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ခွဲ အစည်းအဝေးကျင်းပ






ထားဝယ်၊ အောက်တိုဘာ ၆

တနင်္သာရီတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တရားဥပဒေစိုးမိုးရေးနှင့်တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၊ အဖွဲ့ခေါင်းဆောင် တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက ယနေ့အဖွဲ့ခွဲအစည်းအဝေး ကျင်းပရခြင်းတွင် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ နေပြည်တော်၏ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက် နေ့ရက်စွဲပါစာအရ အဖွဲ့ခွဲနေအဖြင့် လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေစွာ လုပ်ဆောင်သင့်သည့်လုပ်ဆောင်နိုင် မည့်အကြံပြုချက်များကို ၂၀၂၄ ခုနှစ်၊အောက်တိုဘာလ ၂၅ ရက်နေ့အရောက်ဗဟိုအဖွဲ့သို့ အကြံပြုချက်များကိုရယူလိုသည်အတွက် အစည်းအဝေးခေါ်ရခြင်းဖြစ်ကြောင်း၊ အဖွဲ့ခွဲ အဖွဲ့ဝင်များအနေဖြင့်ပွင့်လင်း လွတ်လပ် စွာ အကြံပြုချက် သဘောထားများကို ဗဟိုအဖွဲ့သို့ပေးပို့တင်ပြမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက်အတွင်းရေးမှူး၊ တိုင်းဒေသကြီးဥပဒေအရာရှိက အဖွဲ့ခွဲ၏လက်ရှိအခြေအနေနှင့် လုပ်ဆောင်သင့်လုပ်ဆောင်နိုင်မည့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေးတင်ပြပြီး အဖွဲ့ဝင်များက ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ငွေဇင်ယော်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)