သာစည်မြို့နယ်တွင် ရေကြီးနစ်မြုပ်ပျက်စီးသွားသော သီးနှံများအတွက် မျိုးစေ့များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ်တွင် ရေကြီးနစ်မြုပ်ပျက်စီးသွားသော သီးနှံများအတွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်



သာစည်၊ အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌ ရာဂိမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ပျက်စီးသွားသော သီးနှံစိုက်ဧကများအတွက် တောင်သူများ သီးနှံအစားထိုးစိုက်ပျိုးနိုင်ရန် မျိုးစေ့များထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးတွင် ပြုလုပ်ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းက ထောက်ပံ့ပေးသည့်မျိုးစေ့များ စနစ်တကျစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးဖြစ်ထွန်းစေရန် ဌာနဝန်ထမ်းများက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဌေးဌေးနှင့် တာဝန်ရှိသူများက မိုးစပါး ၄၂၀ တင်း၊နေကြာ ၃၅ အိတ်၊ ချည်မျှင်ရှည်ဝါ ၁၀၀ အိတ်နှင့်ပိုက်ဆံလျှော် ၁၀၀ အိတ်တို့ကို ကျေးရွာအုပ်စု ၁၆ စုမှ တောင်သူများအား ထောက်ပံ့ပေးပြီး ကျန်ရှိဧကများအတွက်လည်း ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်းသိရသည်။

သာစည်မြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံဧက ၅၉၂၂ ပျက်စီးခဲ့ပြီး ထိုဧကများအတွက် မိုးစပါး ၅၉၀ ဧက၊ နေကြာ ၁၀၃၉ ဧက၊ မြေပဲ ၁၇၈ ဧက၊ဆောင်းနှမ်း ၅၂၆ ဧက၊ ကုလားပဲ ၃၁၀၉ ဧက၊ ပဲကြီးပဲကျား ၄၈၀ ဧကတို့ အစားထိုးစိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)