ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA က တပ်မတော်အရိုးအထူးကု ဆေးရုံကြီး ကုတင် ၅၀၀ တွင် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking


ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA က တပ်မတော်အရိုးအထူးကု ဆေးရုံကြီး ကုတင် ၅၀၀ တွင် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ






ရန်ကုန်၊ အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ၏ စုပေါင်းသွေးလှူဒါန်းပွဲကို တပ်မတော်အရိုးအထူးကု ဆေးရုံကြီး ကုတင် ၅၀၀ တွင် ၆. ၁၀. ၂၀၂၄ နံနက် (၉ ၃၀) နာရီ အချိန်မှ စတင်ပြုလုပ်ခဲ့ပြီး ဒဂုံမြို့သစ်ခရိုင်မှ အင်အား ၅၀ ခန့် တက်ရောက်လှူဒါန်းခဲ့ပါသည်။

စုပေါင်းသွေးလှူဒါန်းပွဲသို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဗဟိုမှ အတွင်းရေးမှူး (၃) ဦးမောင်မောင်ညွန့်၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးသန့်စင်၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌ (၃ ) ဦးထင်ကျော်မိုး၊ ရန်ကုန်တိုင်းအတွင်းရေးမှူး ဒေါ်မြတ်စုလှိုင်၊ တိုင်းတွဲဖက်အတွင်းရေးမှူး (၁) ဦးဇမ္ဗူထွန်းဝင်း၊ တိုင်းတွဲဖက်အတွင်းရေးမှူး (၂) ဦးတင့်လွင်၊ သင်္ဃန်းကျွန်းခရိုင် ဒုတိယဥက္ကဋ္ဌ ဒေါ်တင်နီလာထွန်း၊ မရမ်းကုန်းခရိုင်ဥက္ကဋ္ဌ ဦးထွန်းဇာနည်၊ ဒဂုံမြို့သစ်ခရိုင် အတွင်းရေးမှူး ဦမြင့်ဇော်၊ မင်္ဂလာဒုံမြို့နယ်ဥက္ကဋ္ဌ ဦးသူရဆွေနှင့် အဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ်ဥက္ကဋ္ဌ ဦးဝင်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ ဒဂုံမြို့သစ်တောင်ပိုင်းဥက္ကဋ္ဌ ဦးစန်းဦးနှင့် အဖွဲ့ဝင်များ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းဥက္ကဋ္ဌ ဦးလင်းကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ အလှူရှင် တေးသံရှင် ရွှေဖြူနန်းနွယ်နှင့် ပြင်ပအလှူရှင်များ တက်ရောက်ခဲ့ကြသည်။

သွေးလှူဒါန်းပွဲသို့ တပ်မှူးကိုယ်စား ဒုတပ်မှူးမှ သွေးလှူရှင်များအား လာရောက်အားပေးပြီး သွေးလှူရှင်များအတွက် စားသောက်ဖွယ်ရာများ လှုဒါန်းခဲ့ပါသည်။

ထို့နောက် တပ်မှူးကိုယ်စား ဒုတပ်မှူးမှ ကြွရောက်လာသူများအား ဆေးရုံဧည့်ခန်းဆောင်၌ ဧည့်ခံပြီး အလှူရှင် မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

သွေးလှူဒါန်းပွဲသို့ ဒဂုံမြို့သစ်ခရိုင်မှ သွေးလှူရှင် ၅၇ ဦး တက်ရောက်ခဲ့ပြီး သွေးလှူဒါန်းပွဲကို ၁၁ နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)