ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းများအား စာရင်းစစ် (၃၆) ဦး၊ စာရင်းကောက် (၁၂၅) ဦးတို့ဖြင့် ဆက်လက်ကောက်ယူလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းများအား စာရင်းစစ် (၃၆) ဦး၊ စာရင်းကောက် (၁၂၅) ဦးတို့ဖြင့် ဆက်လက်ကောက်ယူလျက်ရှိ



ကန်ကြီးထောင့် ၊ အောက်တိုဘာ ၉


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းများအား မြို့နယ်စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ယနေ့နံနက်ပိုင်းတွင် မြို့ပေါ် ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးအတွင်း ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။


ထို့သို့ကောက်ယူရာတွင် မြို့နယ်သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများက ပိတောက်ပင်ကျေးရွာအုပ်စု၊ ပိတောက်ပင်ကျေးရွာရှိ အိမ်ထောင်စုများထံသို့ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအားMobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျ ကောက်ယူနေမှုအခြေအနေများအား သွားရာက်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။


ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းများအား ရပ်ကွက် (၇) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၃) အုပ်စု၊ ကောက်ကွက်ပေါင်း (၃၂) ကွက်တို့၌ စာရင်းစစ် (၃၆) ဦး၊ စာရင်းကောက် (၁၂၅) ဦးတို့ဖြင့် ကောက်ယူလျက်ရှိကြောင်း သိရသည်။


ကျော်ဇင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)