မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း (၉)ရက်မြောက်နေ့ ကောက်ယူနေမှုအား ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း (၉)ရက်မြောက်နေ့ ကောက်ယူနေမှုအား ကြည့်ရှုအားပေး





ချောင်းဆုံ ၊ အောက်တိုဘာ ၉


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့က စတင်ကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းက မုရစ်ကလေးကျေးရွာရှိ သန်းခေါင်စာရင်း ကောက်ကွက်များတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့သည်။


မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် စာရင်းစစ်၊ စာရင်းကောက်များမှ Mobile Tablet များအသုံးပြု၍ တစ်အိမ် တက်ဆင်းစနစ်ဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အိမ်ထောင်စုများအား မေးခွန်း(၆၈)ခုဖြင့် မေးမြန်းကောက်ယူနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင်မြင်ရေးအတွက်  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။


ချောင်းဆုံမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ကွက်ပေါင်း (၁၇၂)ကွက်ရှိပြီး စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များမှ နံနက်(၇)နာရီမှ ညနေ(၆)နာရီထိ တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိရာ  အောက်တိုဘာ(၁) ရက်နေ့မှ (၈)ရက်နေ့အထိ  သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း  (၁၀၀)ကွက် ကောက်ယူပြီးစီးပြီဖြစ်ကြောင်း ကျန်ရှိသည့် သန်းခေါင်စာရင်း ကောက်ကွက်များတွင် အောက်တိုဘာ (၁၅) ရက်နေ့အထိ ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။


ကိုကျော်(ချောင်းဆုံ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)